လှိုင်းဘွဲမြို့တွင်အပြင်သွားရာတွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး Mask Campaign ကို အရှိန်မြှင့်တင် ဆောင်ရွက်

လှိုင်းဘွဲ     ဒီဇင်ဘာ  ၄

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု  ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် ပြည်သူများအပြင်သွားရာတွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး Mask campaign ဆောင်ရွက်ခြင်းကို    ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။        

ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း၊  ကြက်ခြေနီတပ်ဖွဲ့တို့က စည်ပင်သာယာမြို့မဈေး၊ယာယီပျံကျဈေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများ အပြင်သွားရာတွင် မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ကြခြင်း၊ မိမိအိမ်တွင် အတတ်နိုင်ဆုံး နေထိုင်ကြရန်၊လူစုလူဝေး ရှောင်ကြဉ်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ကြ ရန် အသိပညာပေး ဆောင်ရွက်ခဲ့ပြီး ပြည်သူ့များ အပြင်သွားရာ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများအား Mask အခမဲ့ဖြန့်ဝေခြင်း၊  အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)