လှိုင်းဘွဲ ဒီဇင်ဘာ ၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှာမှု ခေါင်းစဉ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနတို့ ပူးပေါင်း၍ Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က နိုဝင်ဘာလ(၂၅)ရက်မှဒီဇင်ဘာ(၁၀)ရက်အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှာမှုများကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဆွေးနွေး တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ကျင်းပရခြင်း ရည်ရွယ်ချက်၊ လှုပ်ရှားမှုသမိုင်းကြောင်းနှင့်(၁၆)ရက်တာ လှုပ်ရှာမှုများ ပေါ်ထွက်လာပုံ၊ နောက်ခံသမိုင်း အကျဉ်းချုပ်နှင့်လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)