မရမ်းကုန်းမြို့နယ် အမှတ် (၅) အခြေခံပညာအထက်ကျောင်းတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မရမ်းကုန်း ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၅) အခြေခံပညာအထက်ကျောင်းတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာ ကျော်ထင်ရာဇာ (အင်းရွာ) က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပြိုင်ပွဲကို စတင်ကျင်းပရာ ကဗျာဆရာ စိုးမိုး၏ “လူငယ်တွေကိုဆေးလိပ်မီးမညှိခိုင်းနှင့်” ကဗျာဖြင့် ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ ဆုရကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲပြီး တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးမမက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)