လှိုင်းဘွဲ ဒီဇင်ဘာ ၄
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် တောင်သူများ တစ်ဦးနှင့်တစ်ဦး စိုက်နည်းပျိုးနည်း နည်းပညာများ ဖလှယ်ကာလယ်ယာကဏ္ဌပိုမိုဖွံဖြိုးတိုးတက်လာစေပြီး ဈေးကွက်ကောင်း တခုရရှိ၍ ဝင်ငွေတိုးပွားလာကာ ကျန်းမာသန့်ရှင်းသောအစာအာဟာရများ ထုတ်ကုန်များ ရရှိစေရန်အတွက် ရည်ရွယ်၍ ယမန်နေ့က ဆောင်ရွက်ခဲ့ရာ ကရင်ပြည်နယ် ဒုတိယပြည်နယ်ဦးစီးမှုး ဦးသန်းလှိုင် လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် ခရိုင်ဦးစီးမှူးဦးသက်ဆွေက ခရိုင်အတွင်းရှိ ကျေးရွာအုပ်စု (၂၂၆)အုပ်စုရှိရာ တောင်သူများအချင်းချင်း နည်းပညာများဖလှယ်ခြင်းအားခြင့် တစ်ယောက်မှတစ်ရာ၊ တစ်ရာမှတစ်ထောင်ထိ ရွာတစ်ရွာနှင့်တစ်ရွာဆက်သွားလျှင် တခရိုင်လုံးရောက်သည့်အထိဖြစ်တဲ့အတွက် နည်းပညာများအချိန်နှင့် တပြေးညီ လိုက်နိုင်ဆောင်ရွက်လာနိုင်ပါကြောင်း၊ မျိုးကောင်းမျိုးသန့်၊စိုက်နည်းစနစ်၊ အထွက်တင်း အနေအထားများ မနှစ်ကထက် ပိုမိုစည်းလုံးဆောင်ရွက်လာ၍ ဆီဖူလုံမှုအတွက် ပိုမိုထွက်ရှိ လာနိုင်ပါကြောင်း၊စိုက်ပျိုးနည်းပညာ သီးနှံဈေးကွက်အခြေအနေများ၊ ရာသီဉတုပြောင်းလဲမှုကြောင့် သီးနှံပြောင်းလဲစိုက်ပျိုးနည်းပညာများ အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများက မိမိ၏စိုက်ပျိုးသော သီးနှံများအလိုက် စိုက်ပျိုးနည်းစနစ်များကို အချင်းချင်း မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် ဒု_ပြည်နယ်ဦးစီးမှူးဦးသန်းလှိုင်နှင့်အတူ ခရိုင်ဦးစီးမှူးဦးသက်ဆွေတို့သည် မြေပဲစိုက်ခင်း စိုက်ပျိုးမှုအခြေအနေများကို ကြည့်ရှုခဲ့ပြီးတောင်သူများနှင့်တွေ့ဆုံကာ farmer to farmer knowledge sharing အစီအစဉ်ကို ကိုဗစ် ကာလမှာ CERPအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် နည်းပညာများ ရှင်းလင်းဆွေးနွေးပြောကြားပြီး တာဝန်ကျဝန်ထမ်းများအားလည်း လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)