မှော်ဘီ ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်ရည်ရွယ်၍ ပန်းချီသင်တန်းကို မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမရှိ သတ်မှတ်ရက်များတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါ သင်တန်းကို ဖေဖော်ဝါရီ (၁၄) ရက်နေ့မှ ဖေ ဖော်ဝါရီ (၁၆) ရက်နေ့အထိ နေ့စဉ်နံနက် (၉) နာရီအချိန်မှ (၁၁) နာရီအချိန်အထိ သင်တန်းသား၊ သင်တန်းသူ (၁၅) ဦးဖြင့် သင်တန်းနည်းပြဆရာစာရေးဆရာဝင်းနွယ် (ပုသိမ်) က အခြေခံပန်းချီသင်တန်းကို သင်ကြားပို့ချလျက်ရှိသည်။
အဆိုပါ ပန်းချီသင်တန်းသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများမှ အချိန်ကိုအကြိုးရှိစွာ အသုံးချနိုင်စေရန် ပန်းချီသင်ကြားခြင်းကို စာတွေ့၊ လက်တွေ့ သင်ကြားလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော အခြေခံပန်းချီသင်တန်းအား ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာများ စုံလင်စွာရရှိစေရန်အတွက် သင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော်(ပြန်/ဆက်)