လှိုင်းဘွဲ ဒီဇင်ဘာ ၄
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား အသည်းရောင်အသားဝါဘီရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ ဆုံဆို့နာ၊ကြက်ညှာချောင်းဆိုး ရောဂါနှင့်ဝက်သက်ရောဂါတို့မှကာကွယ်ရန်အတွက် အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများထိုးပေးခြင်း၊တိုက်ပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
ခင်စန်းမြင့်( ပြန်/ဆက်)