နတ်တလင်းမြို့တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကြိုတင်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်

နတ်တလင်း ဒီဇင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ နတ်တလင်းမြို့ပေါ် လေးရပ်ကွက်ရှိ ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း လုပ်ငန်းကို ယနေ့ နံနက် ၈ နာရီမှစ၍ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးရုံးတွင် ဆောင်ရွက်လုပ်ကိုင် ကြသည်။

ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို အသက်(၂)လသားမှ (၁)နှစ်အောက် ကလေးများကို အသက် အရွယ်အပိုင်းအခြားအလိုက် ပြင်းထန်အဆုပ်ရောင်ရောဂါ ဝက်သက်ဂျိုက်သိုးရောဂါပိုလီယိုရောဂါ ပြင်းထန် ဝမ်းပျက်ဝမ်းလျောရောဂါ ဆုံဆို့၊ ကြက်ညှာမေးခိုင်အသည်းရောင်အသားဝါ(ဘီ) ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ရေး) ရောဂါကာကွယ်ဆေးများကို တတိယအကြိမ် ထိုးနှံပေးခြင်းဖြစ် သည်။    

နတ်တလင်းမြို့နယ်တွင် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို မြို့ပေါ်လေးရပ်ကွက်ရှိ ကလေးငယ် (၉၄)ဦးနှင့် ကိုယ်ဝန်ဆောင် မိခင်(၂၄)ဦးတို့အား နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက် လုပ်ကိုင်ပေးခဲ့ကြောင်း သိရသည်။

ဝင်းမြင့်  နတ်တလင်း