ဘားအံ၊ ဒီဇင်ဘာ ၄
(၂၀၂၀)ပြည့်နှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားကို ကရင်ပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ၏ ဦးဆောင်မှုဖြင့် ယမန်နေ့မွန်းလွဲ ၃နာရီက Online ဖြင့် ကျင်းပရာ ကရင်ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဒုတိယဥက္ကဋ္ဌ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင် တက်ရောက်အမှာစကား ပြောကြားခဲ့ ပါသည်။
ဆက်လက်၍ ကရင်ပြည်နယ်လူမှုဝန်ထဓ်းဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးက နှုတ်ခွန်းဆက် ကျေးဇူးတင် စကားပြောကြားခဲ့ပြီး ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို UNICEFမှ ကရင်ပြည်နယ်တာဝန်ခံ ဦးတင်လေးနိုင်ကဖတ်ကြားခဲ့ပါသည်။ ထို့နောက်HAI အဖွဲ့မှတက်ရောက်လာ သူများအား ဉာဏ်စမ်းပဟေဠိများမေးမြန်းခြင်း၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် Video Clip ပြသခြင်း၊ဘားအံခြေတုလက်တုဆေးရုံမှရိုက်ကူးထားသောမသန်စွမ်းသူများ၏စွမ်းေဆာင်ရည် Video မှတ်တမ်း တို့ကိုပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်များမှမသန်းစွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာကော်မတီဝင် များ၊မြန်မာနိုင်ငံမသန်စွမ်းသူမျာအသင်းချုပ်မှ ကိုယ်စားလှယ်များနှင့် မသန်စွမ်းပြည်သူ(၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ဘားအံမြို့ညစျေးတွင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ၊HAI၊ AAR၊ HORC၊I CRC နှင့်အောင်ခွန်းထဘာအဖွဲ့တို့ပူးပေါင်း၍ကိုဗစ်-၁၉ ကာကွယ်နိူင်ရေးအတွက်Maskများ ပေးဝေဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြည်နယ် (ပြန်/ဆက်)