သံတောင်ကြီး ဒီဇင်ဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ တိုက်နယ်ကျန်းမားရေးဌာနမှ အပတ်စဉ် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သံတောင်ကြီး မြို့ပေါ်(၅)ရပ်ကွက်ရှိ ကိုယ်ဝန် ဆောင်များအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်များအနေဖြင့် ကျန်းမာပြီး ကလေးအသေနှုန်းများမွေးဖွားမှု မရှိစေရန် ၊ မွေးဖွားလာသည့်ကလေးများ ကျန်းမာသန်စွမ်းစေရန်အတွက် အပတ်စဉ် ကိုယ်ဝန်ဆောင် များအား ကာကွယ်ဆေးများ ထိုးပေးခြင်း ၊ ကိုယ်အလေးချိန်တိုင်းပေးခြင်း ၊ HIV နှင့် ကာလသားရောဂါစစ်ဆေးပေးခြင်း ၊ အရပ် အမောင်းတိုင်းပေး ခြင်း ၊ကိုယ်ဝန်စမ်းသပ်ပေးခြင်း ၊ ဆီးစစ်ပေးခြင်း ၊ မှတ်တမ်းယူခြင်းများ ဆောင်ရွက်ခြင်း တို့ကို သံတောင်ကြီးမြို့တိုက်နယ် ကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမဒေါ်စိုးစိုးရီ ၊ သားဖွားဆရာမများ နှင့် ကျန်းမာရေးဝန်ထမ်းများ ကဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)