စစ်ကိုင်းမြို့နယ်တွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ (၂၄)ဦး တွေ့ရှိခဲ့သဖြင့် ပိုးတွေ့ လူနာအမြင့်ဆုံးဖြစ်ခဲ့

စစ်ကိုင်း  ဒီဇင်ဘာ ၅

စစ်ကိုင်းမြို့နယ်တွင် ဒီဇင်ဘာ(၃)ရက်နေ့(၂၄)နာရီအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသည့် အတည်ပြုလူနာ(၂၄)ဦးအထိတိုးလာသည့်အတွက် ပိုးတွေ့လူနာစတင်တွေ့ရှိမှုနေ့များ တွင် အများဆုံးစံချိန်ဖြစ်ခဲ့ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှစာရင်းများအရ သိရသည်။

၎င်းနေ့တစ်ရက်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၂၄)ဦးအထိ တိုးလာ သဖြင့် စစ်ကိုင်းခရိုင် ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် စစ်ကိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးဆက်မှုမပြန့်ပွားစေရန် အတွက် ရောဂါအတည်ပြုလူနာများရှိသည့် ရပ်ကွက်နှင့်ကျေးရွာများ ကို လိုအပ်ပါက Stay at Home သတ်မှတ်နိုင်ရန် သက်ဆိုင်ရာအထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြသွားမည်ကြောင်း” စစ်ကိုင်းခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က စစ်ကိုင်းခရိုင်စီမံခန့်ခွဲမှု ကော်မတီရုံး၌ ဒီဇင်ဘာ(၃)ရက် နံနက်(၁၀)နာရီက ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ခရိုင်/မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီများ၊ မြို့မိ၊ မြို့ဖအဖွဲ့ဥက္ကဋ္ဌနှင့် အခြားလူမှုရေး အသင်း အဖွဲ့များတက်ခဲ့ကြကြောင်းသိရသည်။ 

မျိုးဝင်း (ပြန်/ဆက်)