ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ထန်းတပင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ညှိနှိုင်းဆောင်ရွက်

ထန်းတပင် (ပဲခူး) ဒီဇင်ဘာ ၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးသည်  တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ် (၁) နာရီက  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ   ဆွေးနွေးပွဲတွင် ကရင်တိုင်းရင်သား    လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးမင်းဦး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းကိုကို၊ မြို့နယ်လမ်းဦးစီးမှူး ဒေါ်ဝင်းဝင်းမော် ၊ မြို့နယ် ကျေးလက်လမ်းဦးစီးမှူး ဒေါ်လွင်လွင်ဦး၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးကျော်မျိုးဆင့် ၊  မြို့နယ်မီးသတ် ဦးစီးမှူး ဦးအောင်အောင်ဝင်းစိန် တို့တက်ရောက်ပြီး  မိုးတွင်းကာလ၌   သွားလာရေး အဆင်မပြေသဖြင့် လူမှုရေး၊   ကျန်းမာရေး၊    ပညာရေး အခက်အခဲရှိသည့်   ကျေးရွာများတွင်   ကျေးရွာချင်းဆက်လမ်းများ တံတားများ၊ ရရှိရေးအတွက် ၂၀၂၀ -၂၀၂၁  ဘဏ္ဍာနှစ်အတွင်း  တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်  လုပ်ငန်းများအား ဆောင်ရွက်ရန် ကွင်းဆင်းတွက်ချက် တင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပြီး ရှားစေးဘိုကျေးရွာအုပ်စုအတွင်းရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောက်လုပ်ပြီးစီးခဲ့သည့် တောကုန်း-ဇီးဖြူကုန်း၊-ရေလျံ ကျေးရွာချင်းဆက် တံတားအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)