ရန်ကုန် ဇန်နဝါရီ ၁၀
အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ် ကျင်းပ ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဇော်က အမှာစကား ပြောကြား ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း က ဘိုးဘွား များအား လူမှုရေးပင်စင် ထောက်ပံ့ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရပ်ကွက်များအလိုက်လူမှုရေးပင်စင်များကို လွှဲပြောင်းပေးအပ်ခဲ့ရာ သက်ဆိုင်ရာရပ်ကွက်အလိုက် တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။ အဆိုပါလူမှုရေး ပင်စင်ထောက်ပံ့ ငွေပေးအပ်ခြင်းကို သုံးလလျှင် တစ်ကြိမ် ပေးအပ်လျက်ရှိရာ(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် ရန်ကင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၅၀၇)ဦး အား လူမှုရေးပင်စင်တစ်ဦး လျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်းပေါင်း (၁၅၂၁၀၀၀၀)ကျပ်ကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများလက်ဝယ်အရောက် ပေးအပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်မာဝေ(IPRD)