ကန့်ဘလူ ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် မူးယစ်ဆေးဖြတ်သူများအား အထောက်အကူပြုရန်နှင့်မူး ယစ်ဆေးသုံးစွဲမှု လျှော့ချနိုင်စေရန်ရည်ရွယ်ချက်ဖြင့် မက်သဒုံးဆေးရည် အစားထိုးတိုက်ကျွေးရေးဌာန ဖွင့်ပွဲ အခမ်းအနားကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီခန့်က ကျင်းပ ကြောင်းသိရသည်။
အခမ်းအနားတွင် ကန့်ဘလူမြို့ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးက အဖွင့်အမှာစကားပြောကြားရာတွင် မက်သဒုံးဆေးဆိုတာ ဘိန်းအမျိုးအစား မူးယစ်ဆေးစွဲသူ(ဥပမာ-ဘိန်း၊ဘိန်းဖြူ)တို့ စွဲလမ်းတောင့် တနေမှုကို လျော့ပါးစေတဲ့ ဆေးဝါးတစ်မျိုးဖြစ်ကြောင်း၊ မူးယစ်ဆေးစွဲခြင်းကို ပျောက်ကင်းအောင်ကုသနိုင်တဲ့ ဆေးမဟုတ် ကြောင်း၊ မက်သဒုံး တစ်နေ့တစ်ကြိမ်သောက်သုံးရုံနဲ့ ဆေးဖြတ်ခြင်းကြောင့် ခံစားရတဲ့အရာတွေ မူး ယစ်ဆေးကြောင့် ကုန်ကျရတဲဆေးဖိုးတွေ မကုန်ကျတော့ကြောင်း၊ မက်သဒုံးဆေးသောက်ပြီး မိမိတို့ရဲ့လုပ်ငန်း တာဝန်တွေကို ပုံမှန်အတိုင်းဆက်လက်လုပ်ကိုင်နိုင်ပါကြောင်း၊ မက်သဒုံးတိုက်ကျွေးခြင်းသည် အခမဲ့တိုက်ကျွေး ခြင်းဖြစ်ကြောင်း၊ မက်သဒုံးဆေးရည် အစားထိုးတိုက်ကျွေးရေးဌာနကို ဖွင့်လှစ်ခဲ့သည်မှာ သုံးလခန့်ရှိပြီဖြစ် ကြောင်း၊ ယခုမှဖွင့်ပွဲပြုလုပ်ရခြင်းဖြစ်ပြီး ယနေ့ထိ မက်သဒုံးဆေးရည်တိုက်ကျွေးလူနာ ၂၀ ဦးရှိကြောင်းပြော သည်။
အခုလို Methadone Maintenance Treatment Centre-MMT Centre. ဖွင့်လှစ်နိုင်တဲ့အတွက် ကြိုဆို ဝမ်းသာပါတယ်။ စာရင်းများအရ မြန်မာနိုင်ငံမှာ မူးယစ်ဆေးထိုးသွင်းသူ ၂၄၀၀၀ ကျော်အား မက်သဒုံး တိုက်ကျွေးမှုဌာန (MMT Centre) ၈၀ ကျော်တွင် မက်သဒုံးဆေးတိုက်ကျွေးလျက်ရှိပါတယ်။ မူးယစ်ဆေး (ဘိန်း) အစားထိုး မက်သဒုံးတိုက်ကျွေးရတဲ့ ရည်ရွယ်ချက်ကတော့ မူးယစ်ဆေးဖြတ်တဲ့အခါမှာ ခံစားရတဲ့ လက္ခဏာများကို သက်သာစေရန်နဲ့ မူးယစ်ဆေး အကြောထဲထိုးသွင်းရာကတစ်ဆင့် ကူးစက်တတ်တဲ့ ခုခံအားကျ HIV ပိုးကူးစက်မှုကို တတ်နိုင်သမျှလျှောချနိုက်ရန်ဖြစ်ပါတယ်။ အမျိုးသား ခုခံကျ/ ကာလသားတိုက်ဖျက်ရေး စီမံချက်အနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်ထိ မြို့နယ် ၂၇၃ ခုတွင် ART ဆေးကုဌာန ၃၆၂ ခုထိဖွင့်လှစ်နိုင်ပြီး ART ဆေးကုသမှု လုပ်ငန်းများအား ပိုမိုလက်လမ်းမီရရှိစေရန် ဆောင်ရွက်ပေး လျက်ရှိပါတယ်။ မိခင်မှကလေးသို့ HIV ကူးစက်မှုမှ ကာကွယ်ခြင်းလုပ်ငန်း(PMCT) ကို ယခုနှစ်တွင် ၃၂၆ မြို့နယ် အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး ၉၉ ရာခိုင်နှုန်းအထိ လွှမ်းခြုံရရှိနေပါပြီ။ကိုယ်ဝန်ဆောင်မိခင်များတွင် HIV ဖြစ်ပွားနှုန်းသည် ၂၀၁၁ ခုနှစ်တွင် ၀ ဒသမ ၈၄ ရာခိုင်နှုန်းရှိရာမှ ၂၀၁၉ ခုနှစ်တွင် ၀ ဒသမ ၅ ရာခိုင်နှုန်းထိ တဖြည်းဖြည်းကျဆင်းလာပါတယ်။ ကန့်ဘလူဆေးရုံ ART Centre အနေနဲ့ နိုဝင်ဘာလကုန်ထိ လူကြီး ၃၆၇ ဦး၊ ကလေး ၂၆ ဦးကို ART ဆေးအလွယ်တကူ လက်လှမ်းမီရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ် ” ဟု ကန့်ဘလူမြို့ ခုတင် ၁၀၀ ဆေးရုံ ART Medical Officer ဒေါက်တာအောင်ကျော်ခန့်က မက်သဒုံး ဆေးတိုက်ကျွေး ရေးနှင့် ART ဆေးဆက်စပ်မှုကိုရှင်းလင်းပြောကြားရာ တွင် ထည့်သွင်းပြောကြားခဲ့သည်။
ဆေးခန်းဖွင့်ပွဲသို့ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်၊ မြို့နယ်ဌာနဆိုင်ရာများ ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ခုတင် ၁၀၀ ဆေးရုံအုပ်ဒေါက်တာနေမိုး၊ ART Medical Officer ဒေါက်တာ အောင်ကျော်ခန့်၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များတက်ရောက်ခံကြပြီး ဖွင့်ပွဲတက်ရောက်လာသူများက မက်သဒုံးဆေးဝါးအကြောင်း နှင့်ဆေးစွဲမှု အခြေအနေများ ဆောင်ရွက်မည့်အစီအစဥ်များကို မေးမြန်းဆွေနွေးခဲ့ကြကြောင်းသိရသည်။
မြို့နယ်ခုတင် ၁၀၀ ဆေးရုံ မူးယစ်ဆေးစွဲရောဂါကုဌာန၊ ပြင်ပလူနာဌာနတွင် နေ့စဉ်နံနက် ၈ နာရီမှ ၁၂ နာရီ ထိ မက်သဒုံးဆေးများတိုက်ကျွေးပေးလျက်ရှိပြီး ဆေးသောက်သုံးသူများအနေဖြင့် ဆေးဖြတ်ပြီးစကာလကို အဆင် ပြေပြေ ကျော်လွှားသွားနိုင်ရန်နှင့်မူးယစ်ဆေး တစ်ဖန်ပြန်လည်သုံးစွဲမှု မပေါ်ပေါက်စေရန်အတွက် စာနာ နားလည် ပြီး ထောက်ကူပေးနိုင်သော မိသားစု၊ အလုပ်အကိုင်အတည်တကျရှိမှု၊ မူးယစ်ဆေးဝါးသုံးစွဲနေမှုကို တွန်းလှန် လိုသည့် ပြင်းထန်သောစိတ်ဆန္ဒရှိရန် အလွန်အရေးကြီးကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)