ခင်ဦး၊ ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မြို့နယ်ထိ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံ ဦးဌေးတင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင်နှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး မြို့နယ်အမှုဆောင်များ ရွေးချယ်ဖွဲ့စည်းခြင်းကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စားသုံးသူရေးရာဦးစီးမှူး ဦးကျော်ငွေက မြို့နယ်ရှိ စပါးစိုက်တောင်သူများ၊ ဆန်စက် ပိုင်များ၊ ဆန်စပါးကုန်သည််များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် မြို့နယ်အမှုဆောင်များ ရွေးချယ်ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တောင်သူလယ်သမားအစုအဖွဲ့ ကိုယ်စားလှယ်များ၊ ဆန်စက်လုပ်ငန်းရှင် အစုအဖွဲ့ကိုယ်စားလှယ်များ၊ ဆန်စပါးကုန်သည် အစုအဖွဲ့ကိုယ်စားလှယ်များမှ ၎င်းအစုအဖွဲ့များပါဝင်သော မြို့နယ်အမှုဆောင် (၁၀) ဦးကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)