ပြည်မြို့ (မူယာပင်) အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြော

ပြည် ဖေဖော်ဝါရီ ၁၇

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ပြည်မြို့ (မူယာပင်) အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကွင်း‌ဆင်းဆောင်ရွက်ခဲ့ရာ အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများနှင့် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ဟောပြောပွဲတွင် ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုသန့်က လူငယ်နှင့်အနာဂတ်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာမောင်စိမ့်စမ်း (သဲကုန်း) ကျောင်းအုပ်ကြီး (ငြိမ်း) က စာမေးပွဲအထောက်ကူပြုစာဖတ်နည်းများနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများ အကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နယ်လှည့်ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်မှ သုတ/ရသ စာအုပ်‌စာစောင်များနှင့် စာဖတ်ဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် သိမှတ်ဖွယ်အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)