ကိုကိုးကျွန်း ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေချစ်မြတ်နိုးသူအဖွဲ့များနှင့် Book Club စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို စာရေးဆရာ (မြနှင်းရည်ရှိန်) ရေးသားသော “စာဖတ်သည့်အချိန်ကို မနှမျောပါနှင့်” စာအုပ်ဖြင့် Book Club စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပခဲ့ရာ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြနှင်းရည်ရှိန်ရေးသားသည့် “စာဖတ်သည့်အချိန် မနှမျောပါနှင့်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ Book Club စာဖတ်ဝိုင်းအဖွဲ့မှ ဦးကောင်းဆက်ဦးမှ “တစ်ဖက်သားကိုစိတ်ရင်းဖြင့်ဆက်ဆံပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်သန္တာထွန်းမှ “မိမိကိုကိုယ်လေးစားမှု မပျောက်ဆုံးပါစေနှင့်” ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးထွန်းထွန်းဇော်မှ နိဂုန်းချုပ်အမှာစကားပြောကြားခဲ့သည်။
မြို့နယ် (ပြန်/ဆက်)