ဘောဂလိ ဒီဇင်ဘာ ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘောဂလိမြို့၊ မဲတင်းတိမ်ကျေးရွာအုပ်စု ဖြတ်လမ်းကူး ကျေးရွာနေ တောင်သူဦးဝါးနေမူး လယ်မြေတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်းမတ်ပဲများအား ခုတ်ဖုန်းစနစ်ဖြင့် ကြဲပက်ပြီး အပင်ပြုစုထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းတွင် မိုးစပါးအပြီး လယ်မြေများ လှပ်ထားပါက အလဟသဖြစ်မည်ဖြစ် သောကြောင့် ယခုကဲ့သို့ သီးထပ်အဖြစ် ဆောင်းမတ်ပဲများအား စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိသည်သာမက ကုန်ထုတ်စွမ်းအားပိုမို တိုးတက်လာခြင်း စသောအကျိုး ကျေးဇူးများကို ရရှိကြောင်း ၊ ဆောင်းမတ်ပဲများအား ရာသီအမှီ အစိုဓါတ် စနစ်တကျ ဆောင်ရွက်ခြင်း ဖြစ်ပြီး ခုတ်ဖုန်းစနစ်ဖြင့် ကြဲပက်၍ အပင်ပြုစုထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်ပေး ပါက တစ်ဧကလျှင် (၁၂တင်းမှ ၁၅တင်း) ထိ ထွက်ရှိနိုင်ပြီး ဒေသခံတောင် သူမျာလည်း အကျိုးဖြစ်ထွန်းနိုင်ကြောင်း ဘောဂလိမြို့ စိုက်ပျိုးရေးဦးစီးမှုး ဦးနေဝင်းမှ ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဘောဂလိ (ပြန်/ဆက်)