အုတ်တွင်း ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းအားကျေးရွာ(၃၉)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက သရက်တောမြစိမ်းရောင်စီမံကိန်းကျေးရွာ၏ ဆဋ္ဌမကြိမ်မြောက်အဖြစ် ချေးငွေပြန်လည် ထုတ်ချေးပေးခြင်း၊ အိမ်ထောင်စု(၈၀)စုသို့ ချေးငွေကျပ်ပေါင်း ၃၉ဒသမ ၁ သန်း အားထုတ်ပေးခဲ့ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့် မြစိမ်းရောင်ကော်မတီဝင်များ၊ ကျေးရွာ တာဝန်ခံများ၊ ကျေးရွာကော်မတီဝင်များမှ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး လမ်းညွှန်ချက်နဲ့ အညီ ထုတ်ချေးပေးခဲ့သည်။
အဆိုပါ မြစိမ်းရောင်ချေးငွေဖြင့်ကျေးရွာနေပြည်သူများမှစိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ စားဝတ်နေရေးအတွက် အထောက်အကူပြုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ခင်မာ(ပြန်/ဆက်)