ပေါက်ခေါင်း ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသည့် "အောင်မြင်ခြင်းရဲ့အုတ်မြစ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ (Book Club) အဖွဲ့ဝင် ဦးစိုးနိုင်က ပညာကိုမြတ်နိုးတတ်သော ခေါင်းစဉ်ခွဲဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦးကျော်ကျော်ထွန်းက သင့်ရဲ့ရွေးချယ်ပိုင်ခွင့်ခေါင်းစဉ်ခွဲဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မင်းမောင်က အောင်မြင်ခြင်းရဲ့အုတ်မြစ် ခေါင်းစဉ်ခွဲဖြင့်လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် ဦးသူရဝေအောင်က ပညာနဲ့မိမိ ခေါင်းစဉ်ခွဲဖြင့်လည်းကောင်း တက်ရောက်လာသူများက မိမိတို့ဖတ်ရှုလေ့လာထားသော ခေါင်းစဉ်ခွဲအသီးသီးဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့်စာဖတ်သူများအနေဖြင့် အတွေ့အကြုံများ၊ အသိပညာ၊ ဗဟုသုတတို့ကိုရရှိသည့်အပြင် အချင်းချင်းရင်းနှီးစွာဖြင့် အတွေးအမြင်များဖလှယ်နိုင်ပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်တိုးတက်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)