ကျိုက်မ​ရောမြို့တွင် ကိုဗစ်- ၁၉ ​ရောဂါကာကွယ်ထိန်းချုပ်​ရေးအတွက် ပါးစပ်နှာ​ခေါင်းစည်းတပ်ဆင်​ရေးနှင့်​ယာဉ်အန္တရာယ်ကင်းရှင်း​ရေးလှုပ်ရှားမှု ​ဆောင်ရွက်

ကျိုက်မ​ရော     ဒီဇင်ဘာ      ၅

 

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ​ရောဂါ ဖြစ်ပွားမှု မြင့်တက်​နေစဥ်အတွင်းကျိုက်မ​ရောမြို့နယ်တွင် ​ရောဂါ ဖြစ်ပွားမှု မရှိ စေ​ရေးအတွက် ကြိုတင်ကာကွယ် ​ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်​ ဆောင်ရွက်သည့်အ​နေဖြင့် ပါးစပ်နှာ​ခေါင်း စည်းတပ်ဆင်​ရေးနှင့်ပြည်သူများအန္တရာယ်ကင်းရှင်းစွာ ​သွားလာနိုင်​ရေး ယာဉ်အန္တရာယ်ပညာ​ပေးလှုပ်ရှားမှု့ကို ယ​နေ့ နံနက် ၈နာရီ အချိန်က ကျိုက်မ ​ရော ​မော်လမြိုင် သွား ကားလမ်း  ထန်းပင်တန်း၌ ပြုလုပ်ခဲ့​ကြောင်းသိရသည်။

အဆိုပါပညာ​ပေးလှုပ်ရှားမှု့တွင် ကျိုက်မ​ရော မြို့နယ်ရဲတပ်ဖွဲ့ မှရဲမှူး မင်း​အောင်ဦးဆောင်​သော ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်​ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များပူး​ပေါင်းကာ ကျိုက်မ​ရောမြို့အတွင်းသို့ အ​ကြောင်းအမျိုးမျိုး ဖြင့်လာ​ရောက်ကြသူများ၊  ​နေအိမ်ပြင်ပထွက်ခွာသူများအား ပါးစပ်နှာ ​ခေါင်းစည်းများအားအခမဲ့ ဖြန့်​ဝေ​ပေးခြင်း၊စနစ်တကျတပ်ဆင်​စေခြင်း များကို ပြုလုပ်​ပေးခြင်း၊ ပြည်သူများအ​နေဖြင့်​မော်​တော်ကား၊ ဆိုင်ကယ်များ​​မောင်းနင်ကြရာတွင် အသက် အန္တရာယ်ကင်းရှင်း​စေရန်နှင့်ယာဥ်တိုက်မှုများ ​လျော့နည်းကျဆင်း​စေရန် ကား​မောင်းလျှင် ခါးပတ်ပါတ်ပါ၊ ဆိုင်ကယ်စီးလျှင် ဦးထုပ်​ဆောင်းပါအသိ​ပညာ​ပေးခြင်းများ ကို ယာဥ်ထိန်းတပ်ဖွဲ့ဝင်များက လက်ကိုင် အသံချဲ့စက်များဖြင့်ပညာ​ပေးကာ  ၂၀၂၀ပြည့်နှစ် ​မော်​တော်ယာဥ်စီမံခန့်ခွဲမှု ဥပ​ဒေအသိပညာ​ ပေးလက်ကမ်းစာ​စောင်များ ကို အခမဲ့ဖြန့် ​ဝေ​ပေး​ကြောင်းသိရသည်။


ချိုမြတ်မြတ်​ထွေး (ပြန်/ဆက်)