လှိုင်းဘွဲ ဒီဇင်ဘာ ၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ကွမ်တာကျေးရွာအုပ်စု၊ သဒီးခိုကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း(အရှည် ၂၂၆၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၂၃,၇၀၀,၀၀၀)ကျပ်ဖြင့် အောက်တိုဘာလ ၂၀ရက်နေ့တွင် စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကွန်ကရစ်လမ်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူးမခိုင်ဇင်ညို၊ လူထုစည်းရုံးရေးမှူးမမေမိုးသူ တို့မှအနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်း၊ ပြည်နယ်အင်ဂျင်နီယာအကြံပေးနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး သဒီးခိုကျေးရွာမှ အိမ်ထောင်စု (၂၆၄)စု၊ လူဦးရေ (၁၈၈၄)ဦးတို့၏ ပညာရေး၊ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးများ အတွက်သွား/လာရေးလွယ်ကူချောမွေ့ အဆင်ပြေလာမည်ဖြစ်ကြောင်းသိရပါသည်။
ခင်စန်းမြင့်(ပြန်/ဆက်)