လှိုင်းဘွဲ ဒီဇင်ဘာ ၅
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ကလအတွင်း စီးပွားရေးကုစားမှု CERP အစီအစဉ်အရ ၂၀၂၀ ခုနှစ် မိုးစပါးရာသီ၌ စိုက်ပျိုးထားသော မိုးစပါးများ စတင်ရိတ် သိမ်းနေပြီးဖြစ်သဖြင့် စံကွက်ရိတ်သိမ်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဒိုင်းပြကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်းနှင့် ဝန်ထမ်းများက ဒိုင်းပြကျေးရွာရှိ တောင်သူဦးကြည်ဝင် စိုက်ပျိုးထားသော ဆင်းသုခစပါး(၃)ဧကကို ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အစိုတင်းအထွက်နှုန်း(၁၀၅)တင်း ထွက်ရှိကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)