ကမာရွတ်မြို့နယ် လူစည်ကားရာနေရာများတွင် Mask နှင့် Faceshield အခု ၂၀၀၀ ဖြန့်ဝေ

ကမာရွတ် ဒီဇင်ဘာ ၅
 
ရန်ကုန်အနောက်ပိုင်းခရိုင်၊ကမာရွတ်မြို့နယ် တွင် ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင် သွားလာကြရန်အတွက် ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာ နမှဝန်ထမ်းများ၊ ကမာရွတ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊.မိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များက Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
 
ကမာရွတ်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကူးစက် လျော့နည်း စေရန်နှင့် ပပျောက်စေရေး အတွက် ပြည်သူလူထုမှ ကာကွယ်ရေးနည်းလမ်းများကို ပိုမိုအလေးပေးဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန်ရည်ရွယ် ၍ အသိပညာပေးခြင်းနှင့် Mask နှင့် Faceshield အခု ၂၀၀၀ တို့ကို လှည်းတန်းစျေး၊ ဆင်မလိုက်စျေးနှင့် လူစည်ကားရာနေရာများ တွင် ဖြန့်ဝေခဲ့ကြောင်းသိရသည်။
 
စိမ်းလဲ့ (ပြန်/ဆက်)