တံဝာား ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က စကားပုံဆက်ပြိုင်ပွဲကို ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ မြန်မာစကားပုံများနှင့် ၎င်းတို့၏ အဓိပ္ပါယ်ကိုသိရှိနားလည်းစေရန်၊ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ စာဖတ်ခြင်းကိုလက်တွေ့အသုံးချခြင်းဖြင့် အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်စွမ်းရည်များတိုးတတ်မြင့်မားလာစေရန်၊ မိမိကိုယ်ကို ရှုမြင်သုံးသပ်မှု ဉာဏ်ရည်မြင့်မားလာစေရန်၊ ယှဉ်ပြိုင်ခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုစသော အရည်အသွေးကောင်းများရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါပြိုင်ပွဲကို အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးတို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)