ခေါဇာမြို့၌(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး(R.S) မျိုးသန့်မျိုးပွားမျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

ခေါဇာ  ဒီဇင်ဘာ ၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)ဖြင့် စိုက်ပျိုးထားသော ပေါ်ဆန်းရင် (R.S) မျိုးသန့် မျိုးစေ့ထုတ် စံကွက်  ရိတ်သိမ်းခြင်းကို ယနေ့နံနက် ပိုင်းက ခေါဇာမြို့ရွာမကွင်း၊ကွင်းအမှတ် (၁၁၉၉)ပေါ်ရှိ တောင်သူဦးစိန်မင်း လယ်မြေ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါစံကွက် ရိတ်သိမ်းရာတွင် ခေါဇာမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်သူနှင့်ဝန်ထမ်းများ၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးညွန့်အောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရ ပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တောင်သူများမှ (၆.၆)ပေ ပတ်လည်စံကွက်အားရိတ်သိမ်းခဲ့ရာ တစ်ဧက လျင် အစိုပျမ်းမျှ (၆၀.၂၅)တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မှ တာဝန်ရှိသူထံမှသိရသည်။

ညီညီချမ်း (ပြန်/ဆက်)