ကျောက်ထု ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးထားသော (RS) မျိုးစပါးမှ (CS)အဆင့် ဆင်းသုခ မျိုးစပါးများ စိုက်ပျိုးကြရာ စပါးခင်းများ ရင့်မှည့်နေပြီ ဖြစ်သည့်အတွက် ရိတ်သိမ်းလျက်ရှိပြီး စိုက်ပျိုးရေး ဦးစီးဌာနကလည်း အထွက်နှုန်း ရရှိနိုင်ရန် စံကွက်ရိတ်သိမ်းခြင်းဖြင့် မှတ်တမ်းပြုလုပ်ရာ တစ်ဧက အထွက်နှုန်း တင်း ၁၀၀ ထွက်ရှိကြောင်း သိရသည်။
အဆိုပါ မျိုးစပါးများသည် ဒေသ၏ရေမြေရာသီဥတု အနေအထားနှင့် ကိုက်ညီသည်ကို တွေ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
မျိုးစပါးစိုက်ပျိုးခြင်းကို ကျောက်ထုဒေသတွင် ဧက ၁၃၀ ကျော် စိုက်ပျိုးကာ ထွက်ရှိလာသည့် စပါးများကို လာမည့်နှစ်တွင် မျိုးစပါးအဖြစ် ဒေသတွင်း ဆက်လက်ဖြန့်ဖြူးသွား မည်ဖြစ်ကြောင်း သိရသည်။
မောဟေမာန်(ပြန်/ဆက်)