မိုးညိုမြို့နယ်၊ မိုးသီတာကျေးရွာတွင် ဆောင်းသီးနှံ ပိုးမွှားရောဂါ ကျရောက်နိုင်မှု တောင်သူပညာပေး ဆွေးနွေးပွဲပြုလုပ်

မိုးညို  ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပေါက်ကုန်းအုပ်စု၊ မိုးသီတာကျေးရွာရှိ မဟာဗောဓိကျောင်းတိုက် ဓမ္မာရုံ၌ မန်နေ့မွန်းလွဲ နာရီခွဲအချိန်တွင် ဆောင်းသီးနှံ ပိုးမွှားရောဂါ ကျရောက်နိုင်မှု တောင်သူပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကံရင်က စိုက်ပျိုးရေးရာသီချိန် ပိုးမွှား/ရောဂါ ကျရောက်မှုအား ကြိုတင်ကင်းထောက် မှတ်တမ်းယူရန်၊ ပိုးမွှားနှင့်ရောဂါ ခွဲခြားတတ်ရန်၊ ပိုးသတ်ဆေး/ ရောဂါသတ်ဆေး များအား မြန်မာစာအညွှန်းပါသော တရားဝင် ထုတ်လုပ်ထားသည့် ပိုးသတ်ဆေး လိုင်စင်ရ အရောင်းဆိုင်များမှ ဝယ်ယူ အသုံးပြုရန်၊ ဆေးဝါးများကို ကိုင်တွယ်ရာတွင် စနစ်တကျ ရှိစေရန်နှင့် ဆောင်ရန် /ရှောင်ရန်များအား ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ဒုလက်ထောက်ဦးစီးမှူး ဒေါ်သဲအိမွန်က ယခုနှစ်ဆောင်းရာသီ အစေ့ထုတ် ပြောင်းစိုက်ခင်းများ တွင် FAW ငမြှောင်တောင် ပိုးကျရောက်ဖျက်ဆီးနိုင်မှု အခြေအနေနှင့် ကာကွယ်နှိမ်နင်းခြင်း အကြောင်းအား လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်စန်းက ဆောင်းသီးနှံများ ပိုးမွှားကျရောက်နိုင်မှုနှင့် ကာကွယ်နှိမ်နှင်းခြင်း နည်းလမ်းများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော တောင်သူများမှ သိလိုသည်များ ကို မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)