ဆွမ္မရာ ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆွမ္မရာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တာဆီးရေး မြို့အဝင် ဂိတ်ကို တိုးချဲ့ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယခင်က ဆွမ္မရာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးဂိတ်ကို ဟိန်ကွက်ကျေးရွာအုပ်စု၊ ငကျန်ကျေးရွာတွင်(၁)ခု၊ ဆွမ္မရာ-တဇုန်း အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင်(၁)ခု စုစုပေါင်း(၂)ခု ထားရှိပြီး ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဆွမ္မရာမြို့မှ ဟုမ္မလင်းမြို့သို့ ဆေးကုသမှုခံယူရန် သွားရောက်ခဲ့သည့် (၉)နှစ်အရွယ် အမျိုးသမီးအပါအဝင် အခြားထိတွေ့ လူနာ(၂)ဦး ထပ်မံ ပိုးတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာ(၃)ဦး ရှိလာသောကြောင့် ကူးစက်မှုမရှိစေရန် မြို့အဝင် ကာကွယ် တားဆီးရေးဂိတ်ကို တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
စံကျော်ဦး(ပြန်/ဆက်)