လှိုင်းဘွဲ ဒီဇင်ဘာ ၆
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ယမန်နေ့က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ခေါင်းစဉ်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီး ဌာနတို့ ပူးပေါင်း၍ Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ သိရှိနိုင်ရန်အတွက် အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးလှိုင်ထွေးက မီးဘေးကြိုတင် ကာကွယ်နိုင်ရေး ဆောင်ရွက်ရမည့် အချက်များ၊မိမိနေအိမ်တွင် မီးငြိမ်းတုတ်၊ ကျောလွယ် ရေဖြန်းပုံးများနှင့် မီးသတ်ဆေးဗူးများ ထားရှိရန် စသည့် မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ကာကွယ်ရမည့် လုပ်ငန်းများ၊ လှိုင်းဘွဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ဈေး၊ စက်သုံးဆီ အရောင်းဆိုင်နှင့်Gas(ဂတ်စ်)အရောင်းဆိုင်းများ မီးလောင်မှု မဖြစ်ပွားစေရေးနှင့် ကြိုတင် ပြင်ဆင် ဆောင်ရွက်နိုင်ရေးတို့ကို အဓိကထားစစ်ဆေးဆောင်ရွက်ပြီး ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ နိုဝင်ဘာလ(၃၀)ရက်နေ့အထိ မီးလောင်မှုဖြစ်ပွားမှု အခြေအနေနှင့် ဆုံးရှုံးမှု တန်ဖိုးတို့ကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)