ဘုရားသုံးဆူ ဒီဇင်ဘာ ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ မြို့မစျေးတွင် စျေးရောင်းသူများနှင့် စျေးဝယ်သူများအား ကိုဗစ်- ၁၉ ရောဂါအသိပညာပေးခြင်းနှင့် mask campaign ပြုလုပ် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီတွင် ဘုရားသုံးဆူမြို့ ကျေးလက်ကျန်းမာရေး ဌာနက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆောင်ရွက်မှုများအား ကျေးလက်ကျန်းမာရေး ဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်စောယုမာနှင့် ကျန်းမာရေးဝန်ထမ်းများက စျေးအတွင်းသို့ စျေးရောင်းသူများနှင့် စျေးဝယ်သူ များအား ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့် အချက်များအား လက်ကိုင် အသံချဲ့စက်များဖြင့် နှိုးဆော်ပြီး စျေးအတွင်းသို့ mask campaign များပြုလုပ် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
စောရဲဝင်းထွဋ် (ပြန်/ဆက်)