ပြည် ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်နှင့်သာယာဝတီခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများနှင့် ဂျပန်နိုင်ငံ ရှန်တီ စေတနာ့ ဝန်ထမ်းအဖွဲ့ Shanti Volunteer Association( SVA) တို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၀ပြည့်နှစ် တတိယ အကြိမ် မြောက် စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပပြုလုပ်ကြောင်းသိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်းဆောင်ရွက်ခဲ့သော စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အကြောင်းအရာများ၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ခြင်း၊ အတူတူကစားရအောင်နှင့် ဝက်ကလေး သုံးကောင် ခေါင်းစဉ် ဘုတ်ပြားပြဇာတ်ခေါင်းစဉ်အသစ်(၂)ခုအားမိတ်ဆက်ခြင်း၊ တူတူ ပုန်းတမ်းကစားခြင်း၊ ဝက်ကလေးဖြူဖွေးဘာတွေစား၊ ဒုတ်ထိုးဆိုင် အစရှိသည့် စက္ကူ ရုပ်သေးပြဇာတ် ခေါင်းစဉ်အသစ်တို့ဖြင့် မိတ်ဆက်ခြင်း နှင့် အဆိုပါ ဘုတ်ပြားပြဇာတ်နှင့် စက္ကူ ရုပ်သေးပြဇာတ် ခေါင်းစဉ်အသစ်တို့ကို ကိုယ်တိုင် ပြုလုပ်ဖန်တီးလေ့ကျင့်သရုပ်ပြခြင်း အပါအဝင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များမှ လက်ရှိ ဆောင်ရွက်နေသော အွန်လိုင်းမှပုံပြောခြင်းအစီအစဥ်အတွက် ဆက်လက်ဆောင်ရွက်ရမည့် လမ်းညွှန်ချက်များအား ပြန်လည်သုံးသပ် ဆွေးနွေးခြင်းနှင့် သင်တန်းနောက်ဆုံးနေ့တွင် (၄)ရက်ကြာ ဆွေးနွေးခဲ့သော အကြောင်းအရာများအားလုံးကို ပြန်လည်ဆွေးနွေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ Shanti Volunteer Association (SVA)မှ တာဝန်ခံနှင့်ဝန်ထမ်းများ၊ ပြည်ခရိုင်(၆)မြို့နယ်နှင့် သာယာဝတီ ခရိုင်(၈)မြို့နယ်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ ခရိုင်နှင့်မြို့နယ်ပြန်/ဆက်ဦးစီးမှူးများ နှင့် ပြည်သူ့စာကြည့်တိုက်တာဝန်ခံဝန်ထမ်းများ၊ ပန်းတောင်းမြို့နယ်Community Learning Centre (CLC) (၃)ခုမှ အဖွဲ့ဝင် (၆)ဦးနှင့် လေ့လာသူတစ်ဦးတို့ တက်ရောက်ကြောင်း သိရသည်။
မျိုးကျော်ကြီး (ပြန်/ဆက်)