လှိုင်းဘွဲ ဒီဇင်ဘာ ၆
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်ဆောင်ရွက်နေသော ကရင်ပြည် နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း) ဒိုင်းပြကျေးရွာ အုပ်စု၊ ဒိုင်းပြကုန်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း (အရှည် ၁၅၀၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ) လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ ၁၆,၄၀၀,၀၀၀ကျပ်ဖြင့် ၂၀၂၀ခုနှစ် အောက်တိုဘာလက စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြီးစီးခဲ့ပြီး စတင်သွားလာခွင့်ရပြီးဖြစ်ကြောင်း သိရပါသည်။
အဆိုပါကွန်ကရစ်လမ်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူးမခိုင်ဇင်ညို၊ လူထုစည်းရုံးရေးမှူးနန်းချောစုကြည် တို့မှအနီးကပ် ကြီးကြပ်မှု၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်း၊ ပြည်နယ်အင်ဂျင်နီယာ အကြံပေးနှင့် မြို့နယ် နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပြီး ဒိုင်းပြကုန်းကျေးရွာမှ အိမ်ထောင်စု(၂၁၅)စု၊ လူဦးရေ(၁၃၇၄)ဦး တို့၏ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးများအတွက် သွားလာရေး လွယ်ကူချောမွေ့ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရပါသည်။
ခင်စန်းမြင့်( ပြန်/ဆက်)