မယ်စဲ့မြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အွန်လိုင်းမှ သင်တန်းဖွင့်လှစ်

မယ်စဲ့  ဒီဇင်ဘာ ၆   

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ သည်။

သင်တန်းတွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်က အကြမ်းဖက်မှုကို လွှမ်းမိုးနေသော အကြောင်းရင်းများ၊ အကြမ်းဖက်ခြင်း အမျိုးအစားများ၊ အန္တရာယ်ရှိသော မိရိုးဖလာထုံးတမ်းစဉ်လာများ၊ အကြမ်းဖက်မှု၏ ဆိုးကျိုးများ၊ ကျား/မ အခြေပြု အကြမ်းဖက်မှုများအား ဆောင်ရွက်ပေးနေမှု အခြေအနေများကို အွန်လိုင်းမှ ဆွေးနွေး ပို့ချခဲ့သည်။

အဆိုပါ သင်တန်းသို့ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)