လိပ်သို ဖေဖော်ဝါရီ ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ အမှတ်(၁) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေသနေပြည်သူများအား အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေနှင့် ရင်းနှီးမှုရှိစေရန် သုတစာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်းစာအုပ်များနှင့် ကလေးများအတွက် ပုံပြင်၊ ရုပ်ပြစာအုပ်များ စုံလင်စွာသယ်ဆောင်၍ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းဖြစ်ပြီး တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များဖြင့် အစားထိုး လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံး ဝန်ထမ်းများအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ လွယ်လင့်တကူစာပေဖတ်ရှုနိုင်စေရန် သုတ/ရသစာအုပ်များ သယ်ဆောင်၍ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်/ရပ်ကွက်များသို့ အပတ်စဉ်သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်