ကျိုက်ဒုံမြို့တွင် Home Garden စိုက်ပျိုးမည့်တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်

ကျိုက်ဒုံ ဒီဇင်ဘာ ၆

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့ ညနေ(၃)နာရီခွဲက ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်၊ ခရိုင်ဦးစီးမှူး ဒေါ်နော်သူးလေထီး၊ ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ကာလမှာ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးပြီး မိသားစု စားဝတ်နေရေး အခက်အခဲမရှိ အဆင်ပြေစေရေးအတွက် ရည်ရွယ်ပြီး ကျိုက်ဒုံဒေသအတွင်းရှိ ကျေးရွာများမှ Home Garden စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူ(၁၆)ဦးအား ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)