လှိုင်မြို့နယ် ရွှေဟင်္သာစျေး တွင်ကိုဗစ်-၁၉ ရော ဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign)ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၆

ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာကျန်းမာ ရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေးလူထုလှုပ်ရှားမှု (Mask & Face shield Campaign) အား ယနေ့နံနက်(၈) နာရီက ရန်ကုန်အနောက်ပိုင်းခရိုင် ၊ လှိုင်မြို့ နယ်(၁၁)ရပ်ကွက်ရှိရွှေဟင်္သာစျေးတွင် ကိုဗစ်-၁၉ ကော်မတီဝင်များကအရှိန်အဟုန်မြှင့်ဆောင် ရွက်ခဲ့ကြသည်။

၎င်းလှုပ်ရှားမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ဒေသတွင်း ကူးစက်မှုလျော့နည်းစေရေးနှင့် ပပျောက်စေရေးအတွက် ပြည်သူလူထုက ကာကွယ်ရေး နည်းလမ်းများကို ပိုမိုအလေးပေးဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွယ်၍လူစုလူဝေးများပြား ပြီးကူးစက်မှုအများဆုံးနေရာဖြစ်သည့်ဈေးများ တွင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။           

၎င်းလှုပ်ရှားမှုတွင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ အစရှိသည့် ဌာနဆိုင်ရာများအားလုံးနှင့် မြို့နယ်ကိုဗစ်-၁၉အရေးပေါ် ကာကွယ်တုံ့ပြန်ရေးကော်မတီဝင် များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ပညာပေးလုပ်ငန်းများအဖြစ် ဈေးသည်နှင့် စျေးဝယ်များအားပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၅၀၀)နှင့် မျက်နှာအကာ (Face Shield) (၅၀၀) ဝေငှပေးခြင်း၊လက်ကမ်းစာစောင် (၅၀၀) အားဖြန့်ဝေ အသိပညာပေးခြင်းနှင့်လူအများ လိုက်နာရမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း ဆိုင်ရာ အမူအကျင့်ကောင်းများကိုလက်ကိုင်စပီ ကာများဖြင့်အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

အလားတူလှုပ်ရှားမှုများကို လှိုင်မြို့နယ်အတွင်းရှိ စျေးများ၌တစ်ပတ်လျှင်နှစ်ကြိမ်နှုန်းဖြင့် ပြည်သူလူထုအတွင်းအမူအကျင့်ကောင်းများ အလေ့အထဖြစ်လာသည်အထိဆက်လက်အရှိန် အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကြည်ဇေသော်(ပြန်/ဆက်)