ယင်းမာပင် ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် မင်းဇူးကျေးရွာအုပ်စု ဖိုလ်ဝင်တောင်ကျေးရွာမှ အိမ်ထောင်စု(၁၀၀)အတွက် ယမန်နေ့ နံနက် ၉ နာရီခွဲက နဂါနီဓမ္မာရုံ၌ အခြေခံစားသောက်ကုန်များနှင့် mask များကို ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထောက်ပံ့လှူဒါန်း ပေးအပ်သည့် စားသောက်ကုန်ပစ္စည်းများနှင့် mask များကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့က ထောက်ပံ့ပေးအပ် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
သမိုင်းဝင် ဖိုလ်ဝင်တောင်နယ်မြေရှိ မျောက်များကို အမှီပြုပြီး မျောက်စာရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်သည့် အိမ်ထောင်စုများမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေစဉ် ကာလအတွင်း သမိုင်းဝင် ဖိုလ်ဝင်တောင် နယ်မြေကို အသွားအလာကန်သတ်ထား၍ မျောက်စာ ရောင်းချသည့် အိမ်ထောင်စုများအား အထောက်ပံ့ ဖြစ်စေရန် မျောက်စာရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်သည့် အိမ်ထောင်စု(၁၀၀)အတွက် တစ်အိမ်ထောင်လျှင် ဆန်(၈)ပြည်၊ ဆီ (၁)ပိဿာ၊ ကြာဇံ (၅၀) ကျပ်သားနှင့် အပူချိန်တိုင်း ကိရိယာ၊ mask နှင့် Hand Gel တို့ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီ၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက် ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)