တောင်တွင်းကြီး မတ် ၂၀
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ဒုတိယမီးသတ်ဦးစီးမှူး ဦးဆောင်သောအဖွဲ့သည် ညောင်ပင်သာကျေးရွာ မီးသတ်စခန်းအား ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည့်။
အဆိုပါမီးသတ်စခန်း စစ်ဆေးရာတွင် ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်ဇေယျ ဦးဆောင်သောအဖွဲ့သည့် ကျေးရွာအခြေပြု မီးဘေးလုံခြုံမှုရှိစေရေးနှင့် အရေးပေါ် မီးလောင်မှုအခြေအနေများ ဖြစ်ပေါ်လာပါက လွယ်ကူလျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ယာဉ်အသင့်ရှိရေး၊ ရေအသင့်ရှိရေး၊ လူအသင့်ရှိရေးနှင့် ဆီအသင့်ရှိရေး ဆောင်ရွက်ထားရန် မှာကြားခဲ့သည်။ ထို့နောက် မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ယာဉ်နှင့် ရေပိုက်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းခိုင် မြို့နယ် (ပြန်/ဆက်)