ရွှေဘို ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ မောင်ပေါ်ထွန်း၏ အဆင့်မြင့်အောင်မြင်သူတို့၏ အလေ့အထများဆောင်းပါး စာအုပ်ကို ယမန်နေ့ နံနက် ၉ နာရီခွဲက ၎င်းရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Center ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းဇော်က စာဖတ်သူများအချင်းချင်း ရင်းနှီးထိတွေ့မှုရှိပြီး စာဖတ်သည့်အလေ့အထအကျင့်ကောင်းများကို လက်ဆင့်ကမ်းနိုင်ရန်နှင့် စာဖတ်ဝိုင်းမှတဆင့် ဘ၀ အထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ် ကောင်းများ ရရှိစေရန်၊ ဦးဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက်ဦးဆောင် ဆွေးနွေးသူများအဖြစ် စာရေးဆရာ ဒေါက်တာတင်ဝင်းနှင့် စာရေးဆရာ မြတ်သာထွန်း (ရွှေစံပြ) တို့က စာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာသူ စာပေဝါသနာရှင်များက သိရှိ လိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ စာဖတ်ဝိုင်းသို့ စာပေဝါသနာရှင်များ စုစုပေါင်း ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းနောက် နောက်တစ်ကြိမ်ပြုလုပ်မည့် နေ့ရက်နှင့် အချိန်ကို သတ်မှတ်ခဲ့ကြောင်းသိရသည်။
စိုးသီဟ(ရွှေဘို)