ရွှေဘို ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဘိုမြို့မှ ကိုဗစ်-၁၉ ကုသရေးအတွက် ရန်ကုန်နှင့်စစ်တွေသို့ စေတနာ့ ဝန်ထမ်းအဖြစ် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အထက်တန်း သူနာပြုဆရာ၊ ဆရာမများသည် ယမန်နေ့ ညပိုင်းက ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါ အထက်တန်းသူနာပြု ဆရာ/ဆရာမများသည် ရန်ကုန်နှင့် စစ်တွေရှိ ကိုဗစ်-၁၉ ကုသရေး စင်တာများတွင် သွားရောက် တာဝန်ထမ်းဆောင်သည့် သူနာပြုဆရာ၊ ဆရာမ(၃)ဦးသည် တာဝန်ပြီးဆုံးပြီး ရွှေဘိုမြို့သို့ ပြန်လည်ရောက်ရှိရာ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များက မြို့ဝင်မုဒ်ပေါက်တွင် ကြိုဆိုခဲ့ကြကြောင်း ရွှေဘိုခရိုင် ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင် ထံမှသိရသည်။
အဆိုပါ သူနာပြုဆရာ၊ ဆရာမများသည် ကိုဗစ်-၁၉ကို အများတကာ ကြောက်ရွံ့နေချိန်မှာ အသက်ကို စွန့်ပြီး တာဝန်ထမ်းဆောင်လိုသော မိမိတို့ဆန္ဒအရ သွားရောက်ခဲ့တဲ့အတွက် မြို့မိမြို့ဖ တစ်ယောက် အနေဖြင့် ဝမ်းလည်းဝမ်သာ ဂုဏ်လည်းယူတဲ့အတွက် လာရောက်ကြိုဆိုခြင်းဖြစ်ကြောင်း ရွှေဘိုမြို့ မြို့မိမြို့ဖ ဦးတင်ဝင်းက ပြောကြားသည်။
Quarantine(၁၄)ရက် ဝင်ရောက်ရမည့် အဆိုပါအထက်တန်းသူနာပြု ဆရာ/ဆရာမများအတွက် ပြည်ရွှေသိင်္ဃ ဟိုတယ်ပိုင်ရှင် ဦးအောင်ကြီး မှ ကိုဗစ်ပထမလှိုင်းထဲက ဟိုတယ်ကို ဆေးရုံလိုရာသုံးအဖြစ် လှူဒါန်းခဲ့ပြီး အဲဒီ swab ယူတဲ့ ဆရာ/ဆရာမများ ကိုဘည်း ဟိုတယ်မှာ Quarantine ဝင်စေပါတယ် ယခုလိုရန်ကုန်နှင့် စစ်တွေသို့ Volunteer အဖြစ်သွားရောက်ပြီး ပြန်လာတဲ့သူတွေအတွက်လည်း ဂုဏ်ယူတဲ့အနေဖြင့် အခမဲ့ ဟိုတယ်မှာ Quarantine ဝင်စေခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထွန်းမြင့်အောင်(ရွှေဘို)