ကန့်ဘလူ ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဝန်ထမ်းများအား ငွေစာရင်း ” ဌစ ” များကို သိရှိနားလည်ပြီး Microsoft Excel ဖြင့်စာရင်းများ မှန်မှန်ကန်ကန် မြန်ဆန်စွာ ပြုစုနိုင်ရန် ရည်ရွယ်၍ Microsoft Excel For Accounting နှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းကို Online စနစ်ဖြင့် သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် Excel အကြောင်း သိကောင်းစရာ၊ Excel Formula ၊ Formula. တွင် Named Range များကိုအသုံးပြုခြင်း၊ Function သို့မဟုတ် Preset Formula ၊ Error Values များနှင့် ဖြေရှင်းရန်နည်းလမ်းများ၊ Format များကို မိမိလိုသလို ဖန်တီးခြင်းနှင့် ငွေစာရင်းထိန်းသိမ်းပြုစုနည်း ဘာသာရပ်များကို သင်တန်းကာလ ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်နေ့အထိ သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်းနှင့် သင်တန်းသို့ ခရိုင်နှင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများမှ သင်တန်းသား စုစုပေါင်း ၂၇ ဦးတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)