ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ မဲသမူး-မဲသမူးခီးကျေးရွာကိုဆက်သွယ်ထားသော မြေသားလမ်း ဖောက်လုပ်

ရှမ်းရွာသစ်    ဒီဇင်ဘာ  ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ပြည်နယ်) ခွင့်ပြုရန်ပုံငွေကျပ် (၇၃.၅၂၀)သန်းဖြင့် ရှမ်းရွာသစ်မြို့ မဲသမူး-မဲသမူးခီးကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်း (၂)မိုင်ဖောက်လုပ်လျက်ရှိကြောင်း သိရှိရသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဖောက်လုပ်သည့် မြေသားလမ်း(၂)မိုင် ဖောက်လုပ်ပြီးစီးပါက ရှမ်းရွာသစ်မြို့အတွင်းရှိ ကျေးရွာများမှ ဒေသတစ်ခုမှ တစ်ခုသို့ ပိုမိုလွယ်ကူစွာ ကူးလူးသွားလာနိုင်ပြီး ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်းကြောင့် မဲသမူးကျေးရွာအုပ်စုရှိ အိမ်ခြေပေါင်း(၁၄၂)အိမ်နှင့် အိမ်ထောင်စုပေါင်း(၁၈၈)စုတို့၏  စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင်  ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မဲသမူးကျေးရွာအုပ်စုရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နယ်စပ်ဒေ သနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ပြည်နယ်) ခွင့်ပြုရန်ပုံငွေကျပ်(၅၁.၄၂၀)သန်း ဖြင့် (၃၀)ပေအရှည်ရှိ ကွန်ကရစ်တံတားတစ်စင်းနှင့် ပြည်နယ် ခွင့်ပြုရန်ပုံငွေ (၉.၂၇၀) သန်းဖြင့် Box Culvert (၂)ခု တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)