ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့ဝင်/မြို့ထွက် ဂိတ်များဖြစ်သော ကြာအင်းဆိပ်ကြီးမြို့ မော်လမြိုင်လမ်း (မော်တော်ယာဉ်ဝန်းအရှေ့ဘက်)၊ မြို့လယ်ပိုင်းနှင့် အမှတ်(၄) ရပ်ကွက် ဆိပ်ကမ်း၊ ကြာအင်းဆိပ်ကြီး ကော့ကရိတ်လမ်း (ကျိုက်ဒုံလမ်းဆုံ) ဂိတ်များတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ လူမှုရေးအဖွဲ့အစည်းများက အသွားအလာ ကန့်သတ် စောင့်ကြပ်စစ်ဆေးလျက်ရှိသည်။
ထို့သို စောင့်ကြပ်စစ်ဆေးရာတွင် ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်၊ ဆိုင်ကယ်နှင့် အခြားယာဉ် များအနေဖြင့် မြို့နယ်ပြင်ပသို့ ခရီးသွားလာပါက မော်တော်ယာဉ်ကြီးကြပ်ရေး ကော်မတီ၏ ထောက်ခံချက်ဖြင့် သွားလာရန် ဒေသခံများအနေဖြင့် အခြားဒေသသို့ ခရီးသွားလာပြီး ပြန်လည် ရောက်ရှိလာပါက သတ်မှတ်နေရာတွင် Quarantine ဝင်ရောက်ရန်၊ ခရီးသွားလာ ပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး သွားလာရန်တို့ကို အသိပေး ဆောင်ရွက် ခဲ့ပြီး (Mask) မတပ်ဆင်သူများကိုလည်း တပ်ဆင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သဲဝါ(ပြန်/ဆက်)