လသာ ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ရပ်ကွက်နေပြည်သူများအား အိမ်တွင်းမှုလုပ်ငန်းအဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်အသုံးပြုတတ်စေရန်အတွက် လူသုံးကုန်ပစ္စည်း ဘက်စုံသုံးဆပ်ပြာခဲသင်တန်းကို ယမန်နေ့နံနက်ပိုင်းက လသာမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းတွင် လသာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က ဘက်စုံသုံးဆပ်ပြာခဲသင်တန်းသည် မိသားစုအလိုက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းဖြစ်ကြောင်း၊ စိတ်ဝင်စားစွာဖြင့် လက်တွေ့လေ့လာသင်ယူပြီး မိမိ၏ကိုင်ပိုင်ဥာဏ်ရည်ဖြင့် အားစိုက်၍ အသုံးပြုဆောင်စွက်ပါက အောင်မြင်သည့်လုပ်ငန်းရှင်ဖြစ်လာနိုင်ကြောင်း မိမိကိုယ်တိုင် လက်တွေ့ပြုလုပ်နည်းအဆင့်ဆင့်နှင့် ထည့်သွင်းအသုံးပြုရမည့်ကုန်ပစ္စည်းများ၏ အချိုးအစားရှင်းလင်း၍ သင်ကြားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ဆက်)