ကျိုက်ဒုံမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်မှုများ ဆောင်ရွက်

ကျိုက်ဒုံ   ဖေဖော်ဝါရီ   ၂၂

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊  မီးသတ်ဦးစီးဌာနမှ ကျိုက်ဒုံမြို့ မီးသတ်တာဝန်ခံ ဦးဟိန်းထက်​ဇော်နှင့် မီးသတ်တပ်ဖွဲ့များသည်  ယမန်နေ့ည ၇ နာရီက မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုး​ဆော်မှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နှိုးဆော်မှုများ ဆောင်ရွက်ရာတွင် မီးသတ်တာဝန်ခံ ဦးဟိန်းထက်ဇော်နှင့် အဖွဲ့များသည် မီးသတ်ရေယာဉ်တစ်စီးဖြင့် မြို့အတွင်း၌ လှည့်လည်၍ ပြည်သူများ မီးအသုံးပြုရာတွင် စနစ်တကျအသုံးပြုကြရန်၊ မီးချိတ်မီးကဒ်၊ ရေအိတ်၊ သဲအိတ်များ၊ မီးသတ် ဆေးဘူးများ၊ ရေကန်များအတွင်း ရေအသင့်ထားရှိ​စေရန်၊ ဖယောင်းတိုင်နှင့် အမွှေးတိုင်တို့ဖြင့် ဘုရားမီးပူဇော်ရာတွင် မီးစာကုန်သည်အထိ ဂရုပြုကြရန်၊ ရပ်ကွက်/ကျေးရွာများ အတွင်း မီးတားလမ်းများကို ရှင်းလင်းဆောင်ရွက်ထားရေးနှင့် လျှပ်စစ်မီးသုံးစွဲရာတွင် လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်စည်းကမ်းများအား မြို့အတွင်း၌ အသံချဲ့စက်များဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေး သတိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)