လှိုင်းဘွဲမြို့နယ် ချမ်းသာကျေးရွာတွင် စာသင်​ကျောင်း​ဆောင်သစ်ဆောက်လုပ်ခြင်း ၇၀% ပြီးစီး

လှိုင်းဘွဲ ဒီဇင်ဘာ ၇

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အ​ကောင်အထည်​​​ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယ နှစ်စက်ဝန်း) တွင် ဒိုင်းပြကျေးရွာအုပ်စု၊ ချမ်းသာကျေးရွာ ​ကျောင်းဆောင်သစ် ဆောက်လုပ် ခြင်းလုပ်ငန်း ၇၀% ပြီးစီး​နေပြီဖြစ်​ကြောင်း သိရသည်။

အဆို​ပါ ကျောင်း​ဆောင်သစ်ကို လူထုဗဟိုပြုစီမံကိန်း​ထောက်ပံ့​ငွေ (၃၀၀၀၀၀၀၀) ကျပ်ဖြင့် (အလျား ၆၀ပေ x အနံ ၃၀ပေ x အမြင့် ၁၂ပေ) လုပ်ငန်းကို အကောင်ထည်ဖော်ဆောင်ရွက်​ရာ လူထုဗဟိုပြုစီမံကိန်းမှ လက်​ထောက်နည်းပညာမှူး မခိုင်ဇင်ညို၊ လူထုစည်းရုံး​ရေးမှူး နန်း​ချောစုကြည်တို့မှ အနီးကပ်ကြီးကြပ်မှု၊ ပြည်နယ်အင်ဂျင်နီယာ အကြံ​ပေးဦးအောင်​ကျော်ဇံ၊ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန မြို့နယ်အင်ဂျင်နီယာအကြံ​ပေး​ ဒေါ်ခိုင်ခင်ဦးနှင့် မြို့နယ်နည်းပညာအကြံ​ပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာ ပြည်သူလူထုတို့၏ ပူး​ပေါင်းပါဝင်မှုများဖြင့် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်​နေခြင်းဖြစ်ပြီး ၁၀၀% ပြီးစီးပါက ချမ်းသာကျေးရွာမှ အိမ်​ထောင်စု (၈၀)စု၊ လူဦးရေ (၅၉၃) ဦးတို့၏ ကျောင်းသား/ကျောင်းသူ ကျား (၂၆)ဦး၊ မ(၃၄)ဦးတို့ လုံခြုံစိတ်ချစွာစနစ်တကျ ပညာ သင်ကြားနိုင်မည်ဖြစ်​ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)