ဒဂုံ ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကို ထိရောက်စွာ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ဈေးရောင်း၊ဈေးဝယ်ပြည်သူများ နှာခေါင်းစည်း(Mask)နှင့် မျက်နှာ အကာ (Face shield) တပ်ဆင်သွားလာကြရန် အသိ ပညာပေး Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘုရားကြီးရပ်ကွက်ရှိ အခွန်လွတ်ဈေး ဦးဝိစာရ ရပ်ကွက်ရှိ ဒဂုံရိပ်သာဈေး ယောမင်းကြီးရပ်ကွက်ရှိ ဗိုလ်ရာညွန့်လမ်းတို့တွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ဒဂုံမြိုနယ်တွင် စျေးရောင်းချနေသော စျေးသည်များ စျေးဝယ်ပြည်သူ များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ စျေးရောင်းချကြပါရန် လက်ကိုင်အသံချဲ့စက်များနှင့် လှည့်လှည်အသိပေးကြေညာခြင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask and face shield မဖြစ်မနေတပ်ဆင်ရေး အသိပညာပေးခြင်း အခမဲ့ ပေးဝေတပ်ဆင်ခြင်းကို မြို့နယ် ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ စုပေါင်း၍ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ခြင်းအနေဖြင့် ပြည်သူ များ တစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရန် Mask နှင့် Face shield မဖြစ်မနေ တပ်ဆင်ကြရန်နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
မိုးမိုးခိုင် (ပြန်/ဆက်)