ရွှေတောင်မြို့တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရွှေတောင် ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် လူစည်းကားရာ ပြည်-ရန်ကုန်လမ်း တည်ကုန်း တောင်ပိုင်းဂိတ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးနှင့်ဌာနဆိုင်ရာများ၊ မီသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင်များ ပူးပေါင်းပြီး ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

ရွှေတောင်မြို့နယ်အတွင်း လမ်းသွားလမ်းလာ ပြည်သူများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကူးစက်ရောဂါအကြောင်း သိကောင်းစရာများ၊ လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများ စည်းကမ်းချက်များကို ရှင်းလင်းဟောပြောခြင်း၊ Mask များအခမဲ့ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။

ကိုကိုမင်း(ပြန်/ဆက်)