နတ်မောက် ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့၌ ယနေ့ နံနက် (၇) နာရီခွဲ အချိန်ခန့်က မြို့နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအနေဖြင့် ပြည်သူများထံသို့ နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေရာတွင် နတ်မောက်မြို့ မြို့မစည်ပင်သာယာရေးဈေး ပတ်ဝန်းကျင်ရှိ ဈေးရောင်း ဈေးဝယ် သူများ၊ ခရီးသွား လာပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်သည့် အနေဖြင့် နှာခေါင်းစည်း (Mask) များကို ပြည်သူများ လက်ဝယ် အရောက်ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
လှဝင်း (နတ်မောက်)