နတ်မောက်မြို့နယ် ကုလားရှင်စံပြကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း အိမ်ထောင်စု (၇၂၀) စုတို့အား ဆန်၊ ဆီ၊ ဆားများ လှူဒါန်း

နတ်မောက်  ဒီဇင်ဘာ  ၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကုလားရှင်စံပြကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နေသည့် ကာလအတွင်း အိမ်ထောင်စု (၇၂၀) စုတို့အား ဆန်၊ ဆီ၊ ဆားများ လှူဒါန်းခြင်းကို  ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်က ကုလားရှင်ကျေးရွာ ဝိဇ္ဇာမဟိဒ္ဓိကျောင်း တိုက်တွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မနောသုခကာရီကျောင်း အလှူရှင် ဆရာတော်ဘဒ္ဒန္တဥတ္တမသာရ (သဒ္ဓမ္မဇောတိကဓဇ) နှင့် ဒါယာ၊ ဒါယိကာမ အပေါင်းတို့မှ လှူဒါန်းပေးသည့် လှူဖွယ်ပစ္စည်းများကို ကုလားရှင်ကျေးရွာရှိ ဆရာ တော်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ပရဟိတလူငယ်အဖွဲ့နှင့် ကျေးရွာရှိရပ်မိရပ်ဖများက ဦးဆောင် ကြီးကြပ်၍  ကုလားရှင်စံပြကျေးရွာရှိ အိမ်ထောင်စု (၇၂၀) စုတို့အား တစ်အိမ် ထောင်လျှင် ဆန် (၄)ပြည်၊ ဆား (၁)ပိဿာ၊ ဆီ(၅၀)ကျပ်သားတို့ကို ပေးအပ်လှူဒါန်းပေးခဲ့ပြီး လာရောက်ထုတ်ယူသူ များကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအညီ နှာခေါင်းစည်း (Mask) များတပ်ဆင်စေခြင်း၊ တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာထားရှိပေးခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ လှူဒါန်း ပေး ခဲ့ကြောင်းသိရသည်။

မူမူစန်း (နတ်မောက်)